Wednesday 7 December 2011

ဘဝတစ်သက်တာ မွေးဖွားရာဝယ်

နေရတဲ့ ရက်တွေများလာတော့လဲ လူတွေဟာသေရမယ့်တစ်ရက်ကိုမေ့ နေကြတယ်နော်.....

Wednesday 2 March 2011

ရင်ဘတ်ကိုဖြန့်ခင်း၍ နှလုံးသွေးနဲ့ရေးခြစ်လိုက်သော

င်္ဂလာပါ
ကြင်နာစွာ နှုတ်ဆက်တယ်
ကောင်းသော ဆုတောင်းပတ္တာနာများစွာနဲ့
သက်ရောက်နွေးထွေးမှုနဲ့အတူ
ကနဦးညရဲ့
လောကကန့်လန့်ကာ ကမ္ဘာသစ်ကို
နေမင်းရဲ့ ချစ်ခြင်းရဲ့ ဖွင့်လှစ်လိုက်ပါပြီ။

ဖွင့်လှစ်ခြင်းသက်တမ်း
ကာလတခုပျက်သုံးတဲ့အခါ
လောကဓမ္မတာအရ
လမင်းရဲ့ဝတ်ရုံလွှာ
ကမ္ဘာတခြမ်းမှာ သေချာနေပါလိမ့်မယ်။

လွန်ခဲ့တဲ့ ဘဝ
ကျွံခဲ့တဲ့ ညမှာ
သမုဒယ လိပ်ပြာတွေလည်း ပျံဝဲခဲ့လိမ့်မယ်
တယုတယ အိပ်ယာတွေလဲ အံခဲခဲ့လိမ့်မယ်
လောဘ စိတ်အစာတွေလည်း ညိုမည်းခဲ့လိမ့်မယ်
သောက ပိသာတွေလည်း ပြိုလဲခဲ့လိမ့်မယ်။

လိပ်ပြာတွေပဲ ၀ဲခဲ့ဝဲခဲ့
စိတ်အစာတွေပဲ မည်းခဲ့မည်းခဲ့ ပေါ့
မလွဲမသွေ ရောက်ရှိလာမဲ့
ဘ၀ရဲ့ မနက်ဖြန်အကယ်ဒမီပွဲမှာ
ပစ္စုပ္ပန်ဟာ
ကလျှာဖြစ်မလား ရင်နာဖြစ်မလား
ကဗျာဖြစ်မလား သင်္ခါဖြစ်မလား။

တမင်တကာ ပစ်သွားတဲ့
အကြင်နာအချစ်များရဲ့ မျက်ကွယ်မှာ
ဖက်တွယ်စရာ အထိအတွေ့တွေက အများကြီး...
အရင်လိုလှတဲ့ အင်ဒိုမက သုံးဆယ်တဲ့
တနာရီ မိုက်ပြတဲ့ ကပြာကသီ ဗလချိုက်မ က ငါးဆယ်
ဒီကြားထဲ
ဟိုဟာ ဒီဟာ ဘာဘာညာညာ
အသပြာ မခေါ်ပေမဲ့ ဟာတာတာ မျှော်နေတဲ့
ကက တွေလည်း ရှိတယ်။

သြော်...
အမေပေးတဲ့လယ်တကွက်
နိုင်ငံခြားမှာ ဈေးဖျက်
ဈေးကွက်တင်ထွန်ယက်
စိတ်ဓါတ်တွေ ကျွံထွက်နေကြပုံများ ပြောပါတယ်။

တစ်ရွာမပြောင်း သူကောင်းမဖြစ်
ညစ်ကျယ်ကျယ် စိတ်ထားနဲ့
မလေးရှားကိုထွက်လာ
အရှက်ဆိုတာ ဖက်နဲ့ထုပ်
အသက်နဲ့ လူလုပ်ဖြစ်တဲ့အခါတိုင်း
ရပ်တည်မှုသမိုင်းကိုမြေလှန်
ဘ၀ကိုရေဆန်တော့
ကြွေပြန်ပေါ့ နောက်တစ်ခါ
ရောက်မလာတဲ့ မျှော်လင့်ခြင်းများ
တောပြောင်းတာ သေချင်တဲ့ ကျား။

ကဲ... ဘာလုပ်ကြမလဲ
တုတ်ပြဓါးဆွဲတော့ မဟုတ်ကြပါဘူး
တရုတ်မ ပါးရဲတော့ သမုတ်တဏှာရူး
ရှုးတိုက်လို့လဲမဟောင်... မူးမိုက်လို့လဲမကြောင်
ယောင်ချာချာ နုံအအ
ဟောင်ဖွာဖွာ ဘုံပြပြမှာ
ကြုံရသမျှ အပူနွေကဲ
ဆုံကြရ လူတွေထဲ
သူ့ကိုယ်သူ ရွှေပဲလို့ ပြောနေတဲ့လူက ရှိသေးတယ်။

ရွာမှာတုန်းက လယ်လုပ်ထွန်ချ
ကောက်စိုက်သမ... စာလိုက်ပေးတဲ့ ရွှေ...
မြေသယ် အလုပ်ကြမ်း...
ကူလီထမ်းတဲ့... ရွှေ...

တရာ့ကိုး တရာ့တစ်ဆယ်
အလုပ်မရှိ လူပုံအလယ်မှာ
မန်ချက်စတာ လီဗာပူး
ပရီးမီးယားလိဂ်... ရူးတဲ့ ရွှေ။

ဝမ်းစာ လိုက်သွားရင်း
လမ်းတကာ ဆိုက်ကားနင်း
နှလုံးထီ အတင်းထိုးတဲ့ ရွှေ
အလုပ်ကအပြန်..လည်ကတုံးခေါက်ရိုး
ဖက်ကြမ်းမီးပေါက်ပုဆိုးနဲ့
အိတ်ကပ်ထဲ ဘောလ်ပင်ထိုး
လိုင်းကားတိုးစီးတဲ့ ရွှေ။

နေအထွက်မှာ
ရွှေခွက်နဲ့
ရေအပြည့်ခပ်ပေးပါ ဆိုပြီး
နေအ၀င်မှာ လေချဉ်လို့
မငွေခင်တို့ အပေါင်ဆိုင်ရောက်တဲ့ ရွှေ။

သူသူငါငါ အောင်လက်မှတ်
ခြူခြူချာချာ ဘောင်နဲ့ညှပ်ပြီး
နံရံမှာ အလှချိပ်
ဟန်ပြသိပ်ကောင်းတဲ့ ရွှေ။

ကိုယ့်ထမင်း ကိုယ်စား
ကိုယ်တရား ကိုယ်ပွားနေတုန်း
ဧဂျင့်ပွဲစား ဗြုန်းကနဲရောက်လာ
အလုပ်က အငြိမ်ဇယား
OT က ခပ်များများတဲ့
ခပ်ပါးပါးလေး ပုတ်လိုက်တော့
လုပ်လိုက်ဟဲ့....
ဟုတ်လိုက်တဲ့ မလေးရှား
သုံးနှစ်လေးများ ဘာကြာမှတ်လို့
အဲဒီလိုနဲ့
ဂေါ်ဖီတွေစားပြီး တော်ကီတွေပွားတဲ့ခေတ်မှာ
အိုးပစ်အိမ်ပစ် သားပစ်မယားပစ်နဲ့
သူဌေးသိပ်ဖြစ်တဲ့ ရွှေ။

လယ်ယာကုန်းကျင်း နှစ်ဆယ်အတိုးစာရင်းနဲ့
ဧဂျင့်လက်အပ်နှင်း အကြွေးဇယားခင်းလာတဲ့ ရွှေ။
ကြောင်လျှာသီးနဲ့ ဓါတ်ပုံရိုက်
ပတ်စ်ပို့ပုံပါ ခပ်မိုက်မိုက်
ဆွေမျိုးတစ်သိုက် နှုတ်ဆက်
လေယာဉ်ပေါ် မတက်ခင်
စိတ်ကူးတွေယဉ်
ဟိုရောက်ရင် ဘာညာဘာညာ
စကားလုံးတွေနှင်လာတဲ့ ရွှေ။

အဲဒီရွှေတွေ
မလေးရှားရောက်တော့
-ီးပဲပေါ့တွေ ဖြစ်ကုန်ရော။

ရောက်လေရာအလုပ်မှာ
ဇေယျာဝတီ အဆီစပ်
ဘီအီးတွေနဲ့ မွန်းကျပ်လာတဲ့ ရွှေ။

ဝေတေတေ ၀ါးတားတား
မလေးရှားရောက်တော့
ယိုးဒယားသံစဉ်ခံစား (Thai song)
ကျန်ကွေ့နဲ့ နှစ်ပါးသွား
ပြန်တွေ့မဲ့ မယားသားချင်းကို မေ့နေလေရဲ့...
မြန်မာပြည်မှာ တောသား
မလေးရှားမှာ ချောသလား မမေးနဲ့
ဟန်းဖုန်း ခါးကပ် ဒန်းဟေးလ် လက်ကြားညှပ်
သူ့စိတ်ထဲ အမေရိကားမှတ်ပြီး
ကြောင်တောင်တောင် ကျားတားတား
ဘေအင်ကျီ တကားကားနဲ့
ပါစာမာလန်းမှာ
ဖွန်ကြောင်ရင်း လမ်းသလားနေလေရဲ့။

မြန်မာပြည်မှာ ကြက် ဘဲ
မလေးရှားမှာ ၀က် အမဲ
ရွှေတွေစားတဲ့ ၀ှက် ဖဲ
တိတ်တိတ်ကလေး ပွတ်ဆွဲကြည့်တော့
တစ်ကီလို နှစ်ကျပ်နဲ့
အမှတ်တမဲ့ ဆွဲလာတဲ့ အမြစ်အသဲ။

ဆီအုန်းတော အစပ်က
ရေသွယ်မြောင်းညစ်ထပ်ထပ်မှာ
အစာတပ်ပြီး မျှားလာတဲ့ငါး
ဟိုခြုံဒီကြား ၀င်သွားတိုးလျှောက်
သေးပေါက်ရင်း ခူးကောက်လာတဲ့ ကန်စွန်းရွက်။

ခွာလှီးထောင်း ရောမွှေ
ရေ နည်းနည်းထည့် အဲဒါ...
မလေးရှားရောက်တဲ့
ခင်ဗျားတို့ ရွှေပါဗျား။

စိတ်ကူးနဲ့ မျှော်လင့်ချက်
လက်တွေ့ မကျတဲ့ မနက်မှာ ဖက်တွယ်စရာ ဖွေရှာတော့
JETPOT နဲ့ TOTO ဆတ်ဆော့တဲ့ ရွှေအကို
ဘာလိုလိုနဲ့ ကုန်ပေါင်းလည်း များပြီ။

ရောက်တုံး ရောက်ခိုက်
ခပ်တည်တည် သူဌေးဆိုက်
ရွှေ..ဆိုတဲ့ကောင်တွေ..တောဂိုက် နဲ့..
KLCC ရှေ့ ဓါတ်ပုံရိုက်
ရွာ ကိုပြန်ပို့လိုက်တော့ ဟိုကောင်တွေ လာချင်အုန်းပေါ့
သူဌေးမကောင်း အလုပ်ပြောင်းတော့
အိုဗာစတေးလို့ ခေါ်တာပေါ့
ပတ်စပို့စ် မပါ၊ ငွေဗလာနဲ့
ရဲတွေ့တော့ ပြာတာတာ
ပေးစရာငွေ မရှိ ပြေးစရာ မြေမသိ
ဒါတွေ ရှိတယ်ဆိုတာ မယုံရင်
လာကြည့်လိုက်လေ...။

မလေးရှားမှာ
အလုပ်မကောင်းပေမဲ့
သရုပ်ပြောင်းတဲ့..ရွှေ
အိုဗာတိုင် မရပေမဲ့ ဂျိုကာထိုင်ချတဲ့ ရွှေ။

တရက်မကူးခင် စပ်ကြားမတ်ကြား
အရက်မူးရင် ရှပ်ပါးကပ်ပွားတဲ့ ရွှေ။

ရွှေ... ရွှေ... ရွှေ...
တစ်ရွှေတည်း ရွှေတဲ့ခေတ်မှာ
ကျုပ်လဲ အဲဒီထဲက ရွှေ။

အဲဒီလိုနဲ့
သုံးနှစ်တာလွန်မြောက်
ပြန်ချိန်ကို ရောက်လာတော့
ကသုတ်ကရက်နဲ့
ရုတ်တရက်ခွဲကြ
နှုတ်ဆက်ပွဲ နွှဲကြ
တကတည်းမှ
သူတို့ကိုယ် သူတို့
နွံ နစ်လို့ နစ်မှန်းမသိ ကျွန်ဖြစ်လို့ ဖြစ်မှန်းမသိတဲ့ ရွှေ။

ကဲလေ... ထားလိုက်ပါတော့
ဒါတွေပြောရင် ဒေါတွေပါတယ်
ပြောနေ ကြာတယ်
ရွှေဆိုတာ ပြယုဂ် ငွေဆိုတာမှ ဟုတ်တဲ့ လောကမှာ
ပြောပြစရာ သနစ် သောက ကဗျာ အဖြစ်ထဲ
လောကဘဂ၀ါ ရစ်ဝဲတော့
သြော်... ဒါတွေဟာ ဖြစ်ပျက်တွေပဲပေါ့။

ပြက္ခဒိန်
ရက်အချိန်ဇယားတွေ
တစ်ကွက်ပြီး တစ်ကွက်ရွေ့လျှား
သုံးနှစ်တာ မလေးရှားခရီးမှာ
ပြုံးပစ်ခွာ အကြွေးများ... ပြီးပြတ်ရန်ကြိုးစား
ကိုယ့် ကိုယ့်ကို...တန်ဖိုးထား
အရိုးသားဆုံး စိတ်ကိုသွင်း
အားမာန်အပြည့် ချီတက်ရင်းနဲ့
ပစ္စုပ္ပန်ကို တည့်တည့်တိုး
မနက်ဖြန်ဆိုတဲ့ မိုးတွေလည်း သည်းအုန်းမှာ
ကဲ... ရွှေမြန်မာတို့ရေ...
ရင်ဘတ်ကို ဖြန့်ခင်းပြီး
နှလုံးသွေးနဲ့ ရေးခြစ်လိုက်တဲ့
ဟောဒီ... ကဗျာမှာ
အက္ခရာတွေကို ဖတ်ရှု မှတ်ပြုပြီးနှလုံးသွင်း
ကဗျာဖတ်မပျက် ရှေ့ဆက်ရင်း
မင်းတို့တတွေ အသက်ပြင်းနိုင်ကြပါစေ။      ကျေးဇူးတင်ပါသည်...စစ်ကိုနိုင်.....

Tuesday 1 March 2011

GULL MIN...ရဲ့ ယုံချင်ယုံမချင်နေ ....တစ်ကယ်နော်...

ဒါမျိုးလေးလဲရှိတယ်ဆိုတာ သေချာမှတ်ထားလိုက်နော်......ဘယ်ရမလဲ...

Sunday 27 February 2011

မမြင်နိုင်သောစာကြောင်းများအတွက်..

ရုတ်တရက်ကြည့်လျှင် မမြင်နိုင်သောစာကြောင်းများရှိနေပါသဖြင့် mouse ဖြင့် ထောက်၍   white line ပြောင်း၍ဖတ်နိုင်ပါသည် ....ကျေးဇူးတင်ပါသည်...ဂျူးမင်း..

အင်တာနက်ချစ်သူမှ....

ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ

ဘယ်သူမှမပြောနဲ့ နော်
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကိုပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား
"မမြောက်ပါနဲ့ဗျာ


" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "ထင်တာကတခြား


" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင်
"သိချင်လို့

" ဗျို့ အိမ်ရှင်တို့
၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ
" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ
၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "တလွဲမထင်ပါနဲ့


" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊
ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့






" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား
"

စိတ် ဆိုတာရယ် အသိဆိုတာရယ် .....စုဆောင်းမိသော စာတိုလေးများ ***** ဂျူးမင်း.*****


  • စိတ်(၅)မျိုး   
  1. အကျိုးကိုဝေဖန်ခြင်း...
  2. သေချာပြတ်သားစွာ တွေးတော့ကြံတတ်ခြင်း
  3. ချိန်ဆ၍လုပ်ခြင်း
  4. စိတ်ကိုပြဌာန်းခြင်း
  5. ၀ီရိယရှိခြင်း......ဆိုတာပါ...
အသိ...သတိမလစ်ရင်အသိဖြစ်တယ် အသိတရားဆိုတာထိပါးလာတာတွေကိုကာကွယ်နိုင်တယ်...
အသိမရှိတော့သတိမှားတယ် တရားမရှိတော့အမှားမသိတော့ဘုး....

စုဆောင်းမိသော စာအပိုင်း အစ လေးများ *****ဂျူးမင်း****

  • စကား......ပြောသမျှတော့တော့ဒေါသနဲ့ ကင်းအောင်ပြော....
  • အပြောခံရသူမှာ..ဒေါကန်ပီးပြောရန်စကားတွေပေါ်လာ ပျော်စရာမရပဲမတော်တာတွေဖြစ်ကုန်တတ်လို့ ပါ....
  • နှလုံးသားမှလာသောနုတ်ဆက်ခြင်းသည် အားငယ်သူကိုအားပေးပြီးအထီးကျန်သူကို အဖော်ရစေတယ်.....
  • ပြောရာမှာ မောတာသာအဖတ်တင်ပြီး အောင်မြင်မှု့ မရ ရင်လဲ  မသင့် လျှော်ပြန်ဘုးလေ....
  • ခေါက်ချိုးပြောရင်လဲ ဇောက်ထိုးနားလည်ပေးတတ်ရတယ် ဒါမှအဆင်ပြေတာ...မှန်ကန်သောစကားကို ချစ်ဖွယ်သောစကားလုံးဖြင့် ကောင်းစွာပြောဆိုတတ်ရမည်...လောကမှာ စကားပြောလိုသူနဲ့ နားထောင်သူနှစ်မျိုးပဲရှိတယ်...စကားရိုင်တာလဲအမှားတစ်ပိုင်းဖြစ်တတ်တယ်..
  • ပရမ်းပဒါအတွေးကြောင့် ဖရိုဖရဲစကားလုံးတွေထွက်လာတတ်တယ်...
  • ဘယ်သူမှနားမထောင်ချင်တာတော့ဒေါသ စကားပဲ ဒေါသစကားဟာ နားခါးတယ် အလှပျက်တယ်...
ဒေါသများရဲ့  စကားလုံး
  •  ဒေါသစကားအမှား ရာထောင်...
  • ဒေါသစကား နားမှာခါး...
  • ကောင်းကျိုးမရလူ့ ဒေါသ...
  • ဒေါသမီးလျှံ အကျည်းတန်..
  • ပညာရှိလျှက်ဒေါသဖျက်...
  • ဒေါသအလိုစကားတို...
  • ဒေါသကြီးသူခွေးနဲ့ တူ...ဒေါသကိုနိဒါန်းသွယ်ပေးရရင်တော့ဖြင့် ...အဆင်းရုပ်ရည် ရွှေစင်နိက္ခဇမမ္ဘူမှာလှပေမယ့် ဒေါသထွက်လာလျှင် တစ္ဆေမြေဖုတ်ဆုတ်ယုတ်ကျက်သရေ ပျက်သုဉ်းစေသတည်း.....  ဂျုးမင်း